မင်းဘူး(စကု)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀၀ ခန့်အား ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများတွင် အသက် (၁၂) နှစ်မှ (၁၅) နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀၀) ခန့်အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆေးထိုးစင်တာ (၉) ခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော် ပြောပြ၍ သိရသည်။