ချမ်းမြသစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး Talk Show ပြုလုပ်

လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို လေ့ကျင့်လိုက်စားနိုင်ရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေး၊ထူးချွန်ထက်မြက်သောနိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ "လူငယ်နှင့်အားကစား" အသိပညာပေး Talk Show ကျင်းပဆောင်ရွက် မှုကို ယမန်‌နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ် အ-ထ-က (၃)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌‌သေ့တောင်မြို့၊ မြို့မအမက(၄)ကျောင်း၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

မြိတ်မြို့တွင် တနင်္သာရီဒေသရိုးရာခေါသရပ်နေ့ကျင်းပ၊  သံဃာတော်နှင့်သီလရှင်များအား ဒေသမုန့်ဆွမ်း(၃၅)မျိုးလှူဒါန်း

မြိတ်မြို့ရှိ တစ်ကမ္ဘာလုံးအေးမြချမ်းသာဘုရားကြီး ဘုရားရင်ပြင်တော်တွင် တနင်္သာရီရိုးရာ ခေါသရပ်နေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သံဃာတော်နှင့် သီလရှင်များအား ပင့်ဖိတ်၍ တနင်္သာရီရိုးရာ ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း (၃၅)မျိုးကို ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော် ဦးဆောင်သော အလှူရှင်များမှ မုန့်အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။   

ငါန်းဇွန်မြို့၌ လက်လုပ်လက်စားအိမ်ထောင်စုများထံ သက်သာသောနှုန်းထားဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မဈေးအနီး ပုညပါရမီဆွမ်းလောင်းအသင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊ အလှူရှင်များ ပူးပေါင်းကူညီမှုဖြင့် ယနေ့နံနက် ၈နာရီ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များမှ လက်လုပ်လက်စားအိမ်ထောင်စုများထံ သက်သာသောနှုန်းထား ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မျက်ရဲကန်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ပူးပေါင်း၍ ရွာမွန်ကျေးရွာအုပ်စု၊ မျက်ရဲကန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား စက်တင်ဘာပထမအပတ်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ (၅၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သံတွဲခရိုင်၊ ငပလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေ ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ခုနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်၁၁နာရီအချိန်တွင် ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to