ရေဖြူမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအားစျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး

ရေဖြူ  စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြူတပ်နယ်မှ အခြေခံစား သောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား  စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ရေဖြူမြို့ (ခ)ရပ်ကွက်၊ ဆေးရုံလမ်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအရှေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ရေဖြူတပ်နယ်၊ အမှတ် ( ၃၀၄ ) အမြောက်တပ်ရင်းမှူး ဗိုလ်မှူးသက်နိုင် ဦးစီးသောတပ်မတော်သားများက အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ဆန်(၁)ပြည် ၁၂၀၀ကျပ်၊ ဆီ(၅၀) ကျပ်သား ၃၀၀၀ ကျပ်၊ ကြက်ဥ (၇)လုံး ၁၀၀၀ကျပ်၊ အာလူး (၅၀)ကျပ်သား ၁၂၀၀ကျပ်၊ ကြက်သွန်ဖြူ (၂၅) ကျပ်သား ၉၅၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ထုပ် ၁၆၀၀ ကျပ်၊ ပဲကတ္တီပါ (၂၅ )ကျပ်သား ၇၀၀ ကျပ်တို့နှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းဦး