စလင်းမြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စု၊ ကြို့ဝန်းကျေးရွာရှိ ဒေသခံပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် တာဝန်ရှိသူများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယမန်‌နေ့ နေ့လယ် ၁ နာရီ ၃၀ အချိန်က ကြို့ဝန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့၊ မြို့မ‌ဈေးအတွင်းရှိ လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ဆေးဆိုင်များတွင် သတ်မှတ် ထားသော ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ၊ မရှိနှင့် ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (မူလွန်) ၂၀ တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မကျေးရွာရှိ စျေးနှင့်လူစည်ကားသည့်နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးကော်မတီမှဦးဆောင်၍ ယင်းတော်မြို့မကျေးရွာရှိ စျေးနှင့်လူစည်ကားသည့် နေရာများတွင် နှာခေါင်းစည်းများကို ယနေ့နံနက်(၈) နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့၌ တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့၊ နံနက်က ပြုလုပ်ခဲ့ကြသည်။ 

ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အမှတ်(၇)၊ဝက် ကြီးအင်းရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့ ဦးဖိုးသားထံက သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ်သစ်" ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် စကောကရင်ဘာသာနှင့်မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းစီမံကိန်းအသစ် အဆိုပြုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပခုက္ကူခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းစီမံကိန်းအသစ် အဆိုပြုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

မိုးညှင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်း လက်ကမ်းစာစောင်များနှင့် Mask ဖြန့်ဝေခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဒသမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မိုးညှင်းမှ ယနေ့ နံနက်(၉)နာရီ က စုပေါင်းရုံးလမ်းဆုံနှင့် စိမ်းလဲ့ကန်သာယာ ပန်းခြံရှေ့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်းဘုတ် စိုက်ထူခြင်း၊ လူ…လူ…လူ…လူသည် ရောင်းကုန်မဟုတ်ပါ စာတန်းပါ လက်ကမ်းစာစောင်များနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်​​​ ဆောက်တောဝအုပ်စု၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊​ ရွှေယင်းမာဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများပါဝင်​သော စစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to