မိုင်းခုတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ အငယ်တန်းစာရေး ဒေါ်ဇင်မီမီထွန်းက အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက'' မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ''ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုသမိုင်းကြောင်း၊ လူကုန်ကူးမှုပြဿနာ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ လူကုန်ကူးခံရ သူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ ဖေးမကူညီရေးလုပ်ငန်းများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး(Talk Show) ဗီဒီယိုဖိုင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှု့လေ့လာနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ ရုံးမှဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးထားလျက်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)