နတ်မောက် စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ငွေစာရင်း ထိန်းသိမ်းနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၊မိမိရုံးဝန်ထမ်းများအနေဖြင့် ငွေစာရင်းများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြစေလိုကြောင်း၊ ဌစများနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းပြောကြား၍ လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်ရုံး ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများ စုစုပေါင်း သင်တန်းသား/ သူ (၁၀)ဦး တက်ရောက်ခဲ့သည်။
ဖြိုးဖြိုး (ပြန်/ ဆက်)