မြစ်သား စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ပရိတ်များအား ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်က ကလေးအလုပ်သမားများလျော့နည်းစေရန်နှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း ကလေးသူငယ်များ၏ အခွင့်အရေးများကို သိရှိနားလည်စေရန်အတွက် ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ်အမျိူးသမီးရေးရာအဖွဲ့အတွင်းရေးမှူး(တရားလွှတ်တော်ရှေ့နေ) ဒေါ်ထွန်းထွန်းမော်မှ ကလေးအလုပ်သမားနှင့်ပတ်သက်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအရေးကြီးပုံအကြောင်း၊ က လေးအလုပ်သမားတွေ လျော့နည်းပပျောက် အောင် ကလေးများကိုအကာအကွယ်ပေးရမည့် အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ အလုပ်သမားဉပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း၊ ယခုအခါတွင် ကလေးသူငယ်များအတွက် ကောင်းမွန်သည့်အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းများ တတ်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများကို အကျယ်တဝင့်ဟော ပြောခဲ့သည်။
ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ပြုလုပ်ရာ တက်ရောက်လာသောကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ ကြည်ရူ့လေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)