ကျိုက်လတ်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်က တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များကို နောက်ဆက်တွဲ(က)၊ နောက်ဆက်တွဲ(ခ)ပုံစံများမှ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာသည့် လုပ်ငန်းများအားလုံးကိုမကျန်စေရအောင် ဦးစားပေး အစီအစဉ်များဖြင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု အစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရေးအတွက် ဦးစီးဌာန(၁၄)ခုမှ တိုင်းဒေသကြီးဘတ်ဂျက်တွင် တင်ပြမည့် ဦးစားပေး လုပ်ငန်းများအလိုက် ဆွေးနွေးအတည်ပြု၍ ဖျာပုံခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီသို့ တင်ပြနိုင်ရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)