ဂန့်ဂေါ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၏ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် ခရိုင်အားကစားကွင်း လမ်းစုံနေရာတို့တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ရေး အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့် နှာခေါင်းစည်း)ကို စနစ်တကျတပ်ဆင်ပြီး သွားလာနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီက Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန်၊ လူစုလူဝေးရှောင်ကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးရန်၊ အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်နှင့် Mask တပ်ဆင်ထားခြင်း မရှိသည့် ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)