မိုးညိုမြို့နယ်၌ နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍  စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၉:၃၀)နာရီက ပြုလုပ်ခဲ့သည်။

လက်ပံတန်း-သာရဝေါ လော်ကယ်ရထားလိုင်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၆) လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းဖွင့်လှစ်ပြေးဆွဲခြင်းကို သာရဝေါဘူတာ၌ ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့သည်။

တမူးမြို့တွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး ရေးအတွက် တာဝန်ရှိသူများနှင့်ချမ်းသာကြီးကျေးရွာဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ချမ်းသာကြီးကျေးရွာဒေသခံ ပြည်သူများ ယနေ့နံနက် ၉နာရီက အဆိုပါကျေးရွာရှိ အသောကကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပဲခူးမြို့၌ ကိုစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်၊ စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မွန်ဓမ္မာရုံ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

မက်မန်းမြို့၌ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်း ကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်းကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး( Talk Show ) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

စလင်းမြို့နယ်တွင် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမဆောင်တွင် ယနေ့စက်တင်ဘာလ ၁၆ ရက် နံနက်(၁၀) နာရီ အချိန်က အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများသို့ PPE ဝတ်စုံနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများအား PPE ဝတ်စုံနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။
Subscribe to