ပဲခူးမြို့၌ ကိုစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ပဲခူး စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်၊ စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် နာရီမှစ၍ မွန်ဓမ္မာရုံ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့် ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများ၊ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၃၅၂)ဦးအား  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံ ရှိ/ မရှိ မေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)