လက်ပံတန်း-သာရဝေါ လော်ကယ်ရထားလိုင်း ဖွင့်လှစ်

လက်ပံတန်း  စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်(လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းဖွင့်လှစ်ပြေးဆွဲခြင်းကို သာရဝေါဘူတာ၌ ယနေ့နံနက် နာရီက ကျင်းပခဲ့သည်။

သာရဝေါဘူတာမှ လက်ပံတန်းဘူတာသို့ ထွက်ခွာမည့် စက်ခေါင်းအမှတ် DF-1631 တွဲဆိုင်းအား တိုင်းအမှတ်()-(ရန်ကုန်) တိုင်းတာဝန်ခံ ဦးယဉ်မင်းဦးနှင့် တာဝန်ရှိသူများက အမွှေးနံသာရည်များ ပက်ဖြန်းပြီး နံနက် ၆နာရီခွဲတွင် စတင်ထွက်ခွာခဲ့ရာ လက်ပံတန်းဘူတာသို့ နံနက် ၈နာရီတွင် ဆိုက်ရောက်ပြီး လက်ပံတန်းဘူတာမှ မြန်မာ့မီးရထား အောက်မြန်မာပြည် (ရန်ကုန်) အထွေထွေမန်နေဂျာ ဦးနေမျိုးအေး နှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းဘူတာ အထူးတန်းရုံပိုင်ကြီး ဦးရဲမင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပံတန်း-သာရဝေါ  လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်နေ့ မှစတင်၍ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် သာရဝေါဘူတာမှ နံနက် ၆နာရီခွဲတွင် ထွက်ခွာ၍ လက်ပံတန်း ဘူတာသို့ ၈နာရီခွဲတွင် ရောက်ရှိမည့် အမှတ်(၁၉၆)အစုန်ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂နာရီခွဲတွင် ထွက်ခွာပြီး၊ သာရဝေါဘူတာသို့ ညနေ ၅နာရီတွင် ရောက်ရှိမည့် အမှတ်(၁၉၅)အဆန်ခရီးစဉ်ကို လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ၊  ()ဘူတာ ထွက်ခွာပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လက်ပံတန်းဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။         

မြို့နယ်(ပြန်/ဆက်)