ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အောင်လံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အထက(ပြလို့)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြော၊ စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတစ်လလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် (၃) လတစ်ကြိမ် ငွေကျပ် (၃၀၀၀၀) နှုန်း ထောက်ပံ့ပေးလျက်ရှိရာ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် (၃) လစာ ထောက်ပံ့ငွေများအား ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)  လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မယ်ဇလီကန် အခြေခံပညာ အထက်တန်းကျောင်းနှင့် လှိုင်းတက်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့ မူလတန်းကြိုကျောင်း၌ ကလေးများ၏ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ယနေ့ နံနက် ၉  နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ပေါ်တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ် ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ ပုသိမ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင်ယာဥ်အန္တရာယ်ကင်း၍ အဆင်ပြေစေရန် ရည်ရွယ်ကာ တောင်ပေါ်၊ တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ်ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၂ ခုနစ်၊ ဇူလိုင်လ တတိယအပတ်တွင် လုပ်ငန်းစတင် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ရှေ့လျှောက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းလုပ်ဆောင်နေမှုအား ကြည့်ရှူ့စစ်ဆေးခဲ့ကြသည်။

တံတားဦးမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု၍ လိုအပ်သည့်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် နကျော်ဒရပ် သုခိတကမ္ဘောဇဗိမာန်အတွင်းရှိ အောက်ဆီဂျင် စက်ရုံလည်ပတ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်” စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to