အုတ်ဖိုမြို့မစျေးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ မြို့မစျေးအတွင်း၌ စျေးသူစျေးသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းစာပေများသာမက ပြင်ပစာပေများပါ စာပေဖတ်ရှုလေ့လာတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌

လက်ပံတန်းမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး(Booster Dose) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး (Booster Dose) များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နတ်တလင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြှင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယမန်နေ့ က ချောင်းသုံးခွကျေးရွာအုပ်စုနှင့် ဇီးပင်ကွေ့ကျေးရွာအုပ်စုသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျွန်းစုမြို့တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၊ သစ်တောဦးစီးဌာနက ကျင်းပပြုလုပ်သော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၅)စာစောင်မှ စာရေးဆရာ ဒေါက်တာ  လွင်သန့် ရေးသားသည့် “အအေးမိတုပ် ကွေးဖျားနှင့် လိုအပ်သောအာဟာရ” ခေါင်းစဉ်ဖြင့် Book Club နှင့်

တောင်ငူမြို့၊ ဘုရင့်နောင်စျေး၌ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ဘုရင့်နောင်စျေး၌ စျေးရောင်း၊ စျေးဝယ် ပြည်သူများ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ်အတွင်း ပန်းတောင်း၊ ဝန်လို၊ မင်းရပ် ရပ်ကွက်ရှိစည်ပင်သာယာစျေးများတွင် စျေးရောင်းစျေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ယနေ့ နံနက် ၉ နာရီအချိန်  မြို့အတွင်းသို့ ဝင်ရောက်လာကြသော လမ်းသွား လမ်းလာ ပြည်သူများအား  နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၂၈)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ်အတွင်း၊ ရပ်ကွက်များရှိ အဘိုး၊ အဘွားများထံ လိုက်လံ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
Subscribe to