ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်း ကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းဖွင့်လှစ်

ကျောက်တံခါး စက်တင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်းကင်းစင်ရေးကျောင်းများ ထူထောင်ရေးသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဆရာဦးထွန်းထွန်းအောင်က စာသင်ကျောင်းများတွင် ပိုးလောက်လန်းကင်းစင်ရေးအကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျောင်းကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းနန်းထွေးက သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ခြင်ကြားပိုးလောက်လန်း ကင်းစင်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိလိုသသည်များကို ပြန်လည်မေးမြန်းခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ဆရာ၊ ဆရာမ(၂၅)ဦးနှင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမ(၂၅)ဦး စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)