ဆားလင်းကြီးမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ရောင်းချပေးခဲ့သည်။

အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ Steel Structure(ပေ၉၀× ပေ ၃၀)ရှိ တစ်ထပ်ကျောင်း ဆောင်သစ်တစ်လုံး တည်ဆောက်ပေး

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ ကျောင်းများ တည်ဆောက်‌ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ အ.ထ.က (ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် Steel Structure ဖြင့် (ပေ ၉၀ × ပေ ၃၀)ရှိ တစ်ထပ် ကျောင်း ဆောင်သစ်တစ်လုံး တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် တန်ဖိုးသင့်ကုန်ပစ္စည်းများ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်အတွက် ယနေ့နံနက် ၇ နာရီက ယင်းမာပင်မြို့၊ (ခ)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒာမြိုင်ပန်းခြံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဈေးအနီး၌ တန်ဖိုးသင့်ကုန်ပစ္စည်းများ ရောင်းချပေးခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းခရိုင်နှင့် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သင်္ဃန်းကျွန်းခရိုင်နှင့်

ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း (ဥက္ကပ်)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာရိတ္တရေးရာ တိုးမြှင့်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေအသိဉာဏ် ထက်မြတ်တိုးပွားစေရန် ရည်ရွယ်၍ ယနေ့မွန်းလွှဲ (၁)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီ တိုင်း‌ ဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လာရောက်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။

ကလောမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ ကလောမြို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်အောင်ကိုကို ဦးဆောင်၍ ယနေ့နံနက် ၈ နာရီခွဲအချိန် ကလောမြို့

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပညာလိုလား ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် “ပညာလိုလား ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ညနေပိုင်းက လူစည်ကားရာ ပုဗ္ဗသီရိမြို့မဈေး၊ ညဈေးနှင့်ယုဇနလမ်း၌ Mask Campaign ပြုလုပ်ခဲ့သည်။
Subscribe to