စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့်BA.5 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက   ယနေ့နံနက်ပိုင်း အချိန်ကစုကလိမြို့ ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

အသက်မွေးဝမ်းကျောင်းပညာရပ်များကို ပြန်လည်အသုံးချနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝတိုးတက်ရေးတို့တွင် များစွာအထောက်အကူပြုနိုင်

 အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော ကျွမ်းကျင်မှုကို အခြေခံသည့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကျောက်တန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်၈နာရီတွင် ရှေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းရုံးခန်းတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ Mask Campaign ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ဖားဆောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူလူထု၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြောက်ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဖားစည်သံလွင်ခန်းမ၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကော့မှူးတွင် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့်အသိပညာပေးမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး‌၊ ကော့မှူးမြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4၊ BA-5 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန် က ဖားဆောင်း-မယ်စဲ့နှင့် ဖားဆောင်း-မော်ချီး ကားလမ်းဆုံရာ သံလွင်တံတားပူးပေါင်းဂိတ်တွင် ပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို 

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ သူရလမ်းမပေါ်တွင် ယနေ့နံနက် (၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့် ရဟန်းရှင်လူ ခရီးသွားပြည်သူများ၊ အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော ဒေသခံမိဘပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့မစျေးကြီး စျေးတာဝန်ခံရုံးခန်းတွင် အသက်(၁၈)နှစ်အထက် စျေးသူစျေးသားနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့မစျေးကြီးအတွင်းရှိ စျေးတာဝန်ခံရုံးခန်းတွင် ယနေ့နံနက်ပိုင်း က အသက်(၁၈)နှစ်အထက် စျေးသူစျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to