စလင်း စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမဆောင်တွင် ယနေ့စက်တင်ဘာလ ၁၆ ရက် နံနက်(၁၀) နာရီ အချိန်က အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နေ့အထိမ်းအမှတ် (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စလင်းမြို့နယ်အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက အိုဇုန်းလွှာထိန်းသိမ်းရေး အသိပညာပေးဆိုင်ရာများမှ အိုဇုန်းလွှာထိန်းသိမ်းရေးကို (၁၉၉၄)ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့်အိုဇုန်းယူနစ်ကို (၂၀၀၄) ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အိုဇုန်းလွှာတွင်ပါဝင်သည့် ဓာတ်ပစ္စည်းလျော့ချရေးပညာပေးခြင်း စာချုပ်ပါအတိုင်း ဆောင်ရွက်ခဲ့ကြပြီး ၁၉၈၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃၇)နှစ်မြောက် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ အိုဇုန်းလွှာအသုံးဝင်ပုံ၊ အိုဇုန်းလွှာပျက်စီးလာပုံနှင့် အိုဇုန်းလွှာပျက်စီးလာရခြင်းအကြောင်း၊ အိုဇုန်းလွှာပျက်စီး ဆိုးကျိုးများအကြောင်းနှင့် သမိုင်းများဖြစ်ပေါ်ခဲ့သည့် ၁၉၈၇၊ စက်တင်ဘာ(၁၆)ရက်နေ့ ကနေဒါ၊ မွန်ထရီရယ်မြို့မှာ အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်စာချုပ်ဖြင့် နိုင်ငံပေါင်း (၄၀) နိုင်ငံဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က အခုလို အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြောင်း ပြောကြားပေးခဲ့သော အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဌာန ဦးစီးအရာရှိအား ကျေးဇူးအထူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(ပြန်/ ဆက်)