ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများသို့ PPE ဝတ်စုံနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဘီးလင်း စက်တင်ဘာ ၁၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများအား PPE ဝတ်စုံနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဦးမြဦးက အဖွင့်အမှာစကားပြောကြားပြီး ကြက်ခြေနီအသင်းခွဲ အတွင်းရေးမှူး ဦးငွေဝင်းက ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလှတင်နှင့်တာဝန်ရှိသူများက ပရဟိတအသင်း တစ်ဖွဲ့လျှင် PPE ဝတ်စုံ ၄၀ ပါတစ်ဖာ၊ Mask ၁ ဗူး၊ Hand Gel ဗူးကြီး ၂ ဘူး၊ Face Shield ၅ ခုစီ ပေးအပ်လှူဒါန်းရာ ပရဟိတအသင်း ၁၉ ဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထူးနောင်