အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၉နာရီက စမ်းချောင်းရပ်ကွက်၊ စက်ရုံရပ်ကွက်၊ ရွာထောင်ရပ်ကွက်နှင့် အမှတ်(၂)ဈေးကြီးအတွင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။