မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း Mask ဖြန့်ဝေခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့မှ ယနေ့နံနက် ၇ နာရီက မင်းလှမြို့အဝင်တြိဂံလမ်းဆုံတွင် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့သည်။

ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအား ဈေးနှုန်းချိုသာစွာ ဖြင့်ရောင်းချ

ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် ယနေ့ နံနက်(၇)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၈)လမ်းမ ဈေးအနီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံထွက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ (၁၄)မျိုးအား စားသုံးသူများထံ အရောက် ကွင်းဆင်း၍ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့်

ပင်လုံမြို့၌ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှု့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ပါသည်။

တာချီလိတ်မြို့၌ (MANA)တာချီလိတ်ရိပ်မွန် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ Capacity Building Training ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ (MANA)တာချီလိတ်ရိပ်မွန်၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှကြီးမှူး၍  Capacity Building Training သင်တန်းအား  တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က

ဗန်းမော်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်မားလာစေရန် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ (Community Centre) ခန်းမတွင် စာရေးဆရာ လူထုစိန်ဝင်း၏ မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်ဖြင့် ယနေ့နံနက်(၁၀) နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးMask Compaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခြင်း အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်
Subscribe to