ကျိုက်ဒုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါနှင့်အိုမီခရွန်ရောဂါများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ကျိုက်ဒုံ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်သို့လာသည့် စာဖတ်၊ စာငှားများအား ကိုဗစ်-၁၉ရောဂါနှင့် အိုမီခရွန်ရောဂါများအကြောင်း အသိပညာပေး နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အိုမီခရွန်ကူးစက်ခံရလျှင်ပြသသည့် လက်က္ခဏာများ၊ (OMICROM)၏ ထူးခြားသောအချက်များ၊ ကိုဗစ်-၁၉ ရောဂါ၏ နောင်ဆက်တွဲဆိုးကျိုးများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြီးလို့ သံသယရှိရင် ဘယ်လိုလုပ်ရမလဲ၊Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သောအချက်အလက်များ၊ မိမိကိုယ်တိုင်နှင့်အခြားသူများကို Omicron မှ ကာကွယ်နည်းများ၊ ကိုဗစ်-၁၉ ကာလအတွင်း သင့်ပတ်ဝန်းကျင်ကို ကူညီပံ့ပိုးနိုင်မည့် နည်းလမ်း(၈)သွယ်၊ လက်ဆေးခြင်း အမူအကျင့်ကောင်းတွေကို မပြောင်းလဲလိုက်ပါနဲ့၊ ကိုဗစ်ကို အတူတိုက်ကြစို့ စသည့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်