လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  စက်တင်ဘာ  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အလုပ်သမားဥပဒေအရ  အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက်  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့်  အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရအသက် အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊  တည်ဆဲဥပဒေနှင့်အညီ က လေးသူငယ်များ ရရှိခံစားရ မည့်အခွင့်အရေးများ၊ အကာကွယ်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ရုံးရှေ့နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ် စာစောင်များခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ် သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)