ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ ကျောင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ (၅၀) ရာခိုင်နှုန်းပြီးစီး
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး၊ လုံခြုံစိတ်ချပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရ ကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.က တနင်းသရောကျောင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။