ဟိုပုံး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် “အိုဇုန်းလွှာနှင့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း” စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်း သား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးတင်စန်းမင်းက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ်စက်တင်ဘာ (၁၆)ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများပတ်ဝန်းကျင်ဆိုင်ရာအသိပညာတိုးပွားပြီး ကမ္ဘာ့လေထုအတွင်းရှိ အိုဇုန်းလွှာ၏ သက်ရှိတွေကိုအကျိုးပြုပုံနှင့် အိုဇုန်းလွှာပျက်စီးရသည့် အကြောင်းအရင်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှတဆင့် မိသားစုဝင်များသို့ အဆင့်အဆင့်ပြန့်ပွားသိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ပေးပို့လာသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုများကိုပြသသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦးက စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မယွန်းပြည့်လျှံကိုလည်းကောင်း၊မြို့နယ် ပညာရေးမှူး ဦးမြင့်ဝေက စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မနန္ဒာထွေးကို လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့က စာစီစာကုံး ပြိုင်ပွဲတွင် တတိယဆုရရှိသော မရွှန်းလဲ့သော်ကိုလည်းကောင်း၊ တောင်ကြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စန်းမင်းက ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်သီဟနိုင်ကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောင်အုပ်ကြီး ဦးတင်စန်းက ပန်းချီပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မနန်းသူဇာအေးကိုလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းယဉ်က ပန်းချီပြိုင်ပွဲ တွင် တတိယဆုရရှိသော မောင်ကောင်းသန့်ဦးကိုလည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စန်းမင်း၊ မြို့နယ်အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့၊ တောင်ကြီးခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်ဌေး၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးထက်အောင်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)