မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို  ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရဲ စခန်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲစခန်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိမိအိမ်၊ မိမိလိုင်းခန်းများ ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးငြှိမ်းသတ်ရေးနှင့် DCP မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုပုံတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်မှ ရှင်းလင်း ပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)