ခရမ်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲကျင်းပ

ခရမ်း   စက်တင်ဘာ   ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရဲက ခရမ်းမြို့နယ်တွင် သက်ကြီးဘိုးဘွား (၇၂၃)ဦးရှိပြီး ဒုတိယသုံးလပတ်အတွက် ထောက်ပံငွေများပေးအပ်ခြင်းဖြစ်ကြောင်း သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်ll

ခရမ်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀/- နှုန်းဖြင့်ထောက်ပံ့ရာ ခရမ်းမြို့နယ်အတွင်းရှိ သက်ကြီးစုစုပေါင်းဘိုးဘွား(၇၂၃)ဦးတို့အတွက်  ၂၁၆,၉၀၀၀၀ /- ကျပ်သိန်းကို

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရဲနှင့်အဖွဲ့ဝင်တို့က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )