ကျောက်တန်း စက်တင်ဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀:၀၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဦးသန့်ဇင်ထွန်းက မသန်စွမ်းသူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစီပွားရေးနှင့် အလုပ်အကိုင်စသည့် အခွင့်အလမ်းများမှာ လက်လှမ်းမှရရှိနိုင်မှု နည်းပါးလျက်ရှိပြီး ဖွံ့ဖြိုးတိုတက်မှုတွင် နောက်ကျကျန်လျက်ရှိနေကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်အေးညွန့်က မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး လူမှုအသိုက်အဝန်းအတွင်း အများနည်းတူ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မဟာဗျူဟာ(၅)နှစ်စီမံကိန်း ရေးဆွဲခဲ့ကြောင်း ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေပြီး နိုင်ငံတော်အစိုးရအတွက် ပုံရိပ်ကောင်းများ ထင်ဟပ်စေမှာဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြိုနယ် ပြန်/ဆက်