စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီနိုင်းချိတ်ဆွဲ

စမ်းချောင်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ခြင်းကို မြေနီကုန်း(တောင်)ရပ်ကွက်၊ ပြည်လမ်း တိုက်အမှတ်(၂၄၄)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေရေး၊ မိမိကစ၍ကာကွယ်ပါ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများစသည့် အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲခြင်းကို မြို့နယ်စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း