တွံတေး စက်တင်ဘာလ ၁၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွှေဆံတော်ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့်မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယနေ့ နံနက် ၁၀ နာရီက ရွှေဆံတော်ရပ်ကွက် ရွှေဆံတော်ဘုရားလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/- ကျပ်၊ စားဆီတစ်ပိဿာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀/-ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန်( ၂၄)ပြည်ဝင် ဆန်အိတ်(၁၂)အိတ်၊ ဆီ(၈၀)ပိဿာ၊ ကြက်ဥအလုံး(၁၀၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမျိုးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင် တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား