ပျော်ဘွယ်မြို့နယ် (Community Centre)ခန်းမတွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၉

ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးသူနိုင်မြင့်ရေးသားသည့် စက်ဘီးကလေးနှင့်ကလေးဝတ္ထုတိုများစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူနိုင်မြင့်ရေးသားသည့် စက်ဘီးကလေးဝတ္ထုတိုတွင် ပါရှိသည့်အကြောင်းအရာများကို ဖတ်ရှု ကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာပေဝါသနာရှင်တစ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က စာရေးသူသည် အလယ်တန်းအဆင့် ကျောင်းသားတစ်ဦး၏ ကြိုး စားဆောင်ရွက်မှုကို အခြေခံကာရေးဖွဲ့ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါကျောင်းသားသည် မိဘအဆင်မပြေမှုကို သိနားလည်သောကြောင့် မည်သည့်အရာကိုမျှ ဝယ်ယူခိုင်းခြင်းမရှိဘဲ လိုအပ်နေသည့်အရာများကို ဖြည့်ဆည်းနိုင်ရန် သိရှိလိုသည့်စိုက်ပျိုးနည်း ပညာရပ်ကိုလေ့လာကာ ဝင်ငွေရရှိအောင် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါကြောင်း၊ ၎င်းကြုံတွေ့ခဲ့ရသည့်အခက်အခဲ၊ ဗဟုသုတများကိုလည်းသူ၏ ညီငယ်ကို ပြန်လည်မျှဝေတတ်တဲ့အလေ့အကျင့်ကောင်းကိုလည်း မြင်တွေ့နိုင်သောကြောင့် ယနေ့ခေတ်လူငယ်များအတုယူသင့်စာအုပ် ကောင်းဖြစ် ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)