ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းသားကျောင်းသူ (၉၆၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဆောင်ရွက်

ချမ်းအေးသာစံ စက်တင်ဘာ ၁၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ လူစည် ကားနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီမှ စတင်ကာ  အထက (၁၆)တွင် ကျောင်းသား၊ ကျောင်းသူ (၉၆၅) ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အထက (၁၆) ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အထက (၁၆)ရှိ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၉၆၅) ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း (Mask) အခုရေ (၁၅၀၀) ကျော် အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီနေထိုင်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရေး၊ ကာကွယ်ဆေးအကြိမ်ပြည ့်ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်