ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး ယနေ့မွန်းလွဲ(၂)နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ကျပန်း စကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းသား၊ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချသည့်အနေဖြင့်ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများဖတ်ရှုခြင်းဖြင့် ဘဝတွင် အောင်မြင်ကျော်ကြားသူများဖြစ်စေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲ များ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရှိဒေါ်ခင်နှင်းရီက အလိမ္မာစာမှာရှိဆိုသည့်အတိုင် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် လိမ္မာယဉ်ကျေးပြီးထူးချွန်ထက်မြတ်သော ကျောင်းသား/ကျောင်းသူများဖြစ်စေလိုကြောင်း၊ ခရိုင် ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာပေများ အခ မဲ့လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်းများကို စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)