စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

ချမ်းမြသာစည် စက်တင်ဘာ ၁၉

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပြတိုက်လမ်းထောင့်ရှိမန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများက ဌာနအလိုက် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဦးစီးမှူးဦးမျိုးထွဋ်ဆွေ၊ ဒု-တိုင်းဦးစီးမှူး ဒေါ်ဘောက်ရာနှင့် ခရိုင်ဦးစီးမှူးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်စိမ်းဝင်း (မြို့နယ် ပြန်/ဆက်)