ကလိန်အောင် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲကို မွန်းလွဲ (၁)နာရီကကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသားကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ပုံတူပန်းချီများဆွဲတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွးများကောင်းမွန်စေရန် အသိပညာများတိုးပွားလာ စေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသားကျောင်းသူများ ကလေးလူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်ကြပြီး ပုံတူဆွဲပြိုင်ပွဲကို မိမိတို့စိတ်ကြိုက်ရုပ်ပုံများကို ဆွဲခဲ့ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ ကြောင်းသိရသည်။
လူမင်းအောင်