ဒလမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒလ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒလမြို့မဈေးနှင့်အောင်ဇေယျဈေးတို့တွင် ယမန်နေ့က Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မှူးဦးဇော်လွင်အောင် ဦးဆောင်ပြီး မြိုနယ်စည်ပင်သာယာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးတို့အတွက် Mask များကို စနစ်တကျ တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ပြီးမှ ဈေးရောင်း၊ စျေးဝယ်ကြရန်နှင့် လမ်းသွားလမ်းလာပြည်သူများကိုလည်း Mask များတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလ ( ပြန်/ ဆက် )