မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Hand Speaker ဖြင့် လိုက်လံအသိပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

မင်္ဂလာဒုံ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်က ဧကရာဇ်ရပ်ကွက်ရှိ ရတနာသီရိစျေးအတွင်း၌ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအားလတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask နှာခေါင်းစည်းများတပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရေးကို Hand Speaker ဖြင့် လိုက်လံအသိပေးကြေညာခြင်းနှင့်  Mask Campaign လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်းဦးခေါင်းဆောင်သောအဖွဲ့ဝင်များနှင့် ရတနာသီရိဈေးတာဝန်ခံ ဦးတင်မျိုးထွေးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)