မိုင်းဖြတ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်း​ကော်မတီအ​ကြောင်း ရှင်းလင်း​ဆွေး​နွေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှု ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း​ဆွေး​နေ့းပွဲကို ယမန်​နေ့ည​နေ ၃ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က အလယ်တန်းဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်များ နှင့်အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝန်း အတွင်းရှိ ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင် ပြည်သူ(၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝန်းအတွင်းရှိ ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သော ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁၄) ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ယာ၊ Sakura အလုပ်ရုံရှေ့တွင် ယမန်နေ့ နံနက် (၉:၀၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ၊ အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော မိဘပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။

မြဝတီခရိုင်ရုံး၌ သဘာဝအရင်းအမြစ်များကိုစနစ်တကျအသုံးချ၍ အစားအစာဘေးကင်းလုံခြုံရေးဆီသို့ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “အီးအမ်အကူအညီဖြင့်သဘာဝအရင်းအမြစ်များကိုစနစ်တကျအသုံးချ ၍ အစားအစာဘေးကင်းလုံခြုံရေးဆီသို့”ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၈၆၀) စုအား စေတနာရှင်များက ဆန် (၄) ပြည်နှုန်းစီလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၈၆၀) စုအား ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဆောင်၍ စေတနာရှင် အလှူရှင်များစုပေါင်းပြီး ယမန်နေ့နေ့လယ်ပိုင်းက အိမ်ထောင်စုတစ်လျှင် ဆန် (၄) ပြည်နှုန်းစီ လှူဒါန်းခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် နေ့စဉ်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၂) ရပ်ကွက်ရှိ ၅၅လမ်း ဓမ္မာရုံ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ဆက်လက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ယာ၊ Sakura အလုပ်ရုံတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to