ဓနုဖြူမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇)ရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းတွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း ၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဟင်္သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာမြို့ရုံးကြီးရပ် မီးပွိုင့်လမ်းဆုံနှင့် ပဒေသာစျေးကြီးရှေ့နှင့် ဟင်္သာရုပ်အဝိုင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့မစခန်းမှူး၊ ပြန်/ ဆက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ငါးရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံလုပ်သား ပြည်သူများ စားဝတ်နေရေး ချောင်ချိသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇) နာရီတွင် ဘိုကလေးမြို့၊ စံပြဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ ပရဟိတသင်တန်းကျောင်း အဆင့်မြင့်အပ်ချုပ် စက်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ညောင်ပင်ကြီးစုကျေးရွာ ပရဟိတသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက

မချမ်းဘော့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို မချမ်းဘော့မြို့၊ အခြေခံပညာမူလတန်းကျောင်း အမှတ် (၂)၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့နယ်အဆင့် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊ ၂၀၂၂ −၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့် ကျောင်းပေါင်းစုံ  မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကို

ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချောက်​မြို့နယ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(​ချောက်) ​ကျောင်းတွင် Mask Campaign ပြုလုပ်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်​ခြေနီအသင်းအဖွဲ့များ၊ မြို့နယ်မိခင်နှင့်က​​လေး​စောင့်​ရှောက်​ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များပူး​ပေါင်း၍ ယ​နေ့နံနက်၇နာရီခွဲအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ (​ချောက်)​ ကျောင်းတွင်​ ကျောင်းအုပ်​ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ​ကျောင်းသား၊​​ ကျောင်းသူများအား နှာ​ခေါင်းစည်း တပ်ဆင်​ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြိုနယ်၊ သင်္ကန်ကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့မှ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်း သက်သာစွာဖြင့် ဆန်များဝယ်ယူ နိုင်ရေးအတွက် ဒေသထွက်ငစိန်ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ် နှုန်းနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေး လျက်ရှိ​ကြောင်း သိရသည်။
Subscribe to