တောင်ဥက္ကလာပမြို့နယ်တွင် အသက်၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူ(၇၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော အသက်၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီမှစ၍ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ခြင်းနှင့်ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ကမ္ဘာ့ခွေးရူးရော ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၈၉၃)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ငွေသားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ငွေသားများအား ယနေ့ မွန်းတည့် (၁၂:၀၀)အချိန်က ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသောဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.ကကြာနီကန်ကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးသောဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ‌

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက် အုပ်ချုပ်ရေမှူးရုံးတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် ယနေ့နံနက် က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးတို့ရှိ ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ရက် ညနေ ၃ နာရီက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ဆန်အိတ်များပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ယနေ့နံနက်(၀၉:၃၀)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆန်အိတ်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to