ဗဟန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် Mask များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါတားဆီး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို စာရေးကိရိယာနှင့် Mask များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရေတွင်းလှကျေးရွာနှင့် နေ့လယ်ပိုင်းတွင် မကြီးထုံး ကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မြစ်ကြီးနား)သို့ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား/သူများ လာရောက် ကွင်းဆင်းလေ့လာ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကထိကနှင့်နည်းပြဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၃)ဦး တို့က စက်တင်ဘာလ ၂၁ ရက် နံနက် (၉)နာရီ အချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီးနား)၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ကိုဗစ်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊  ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်၊ မဟာပုညောပကာရဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတငိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြစ်မခမြစ်တံတားဆိပ်ကမ်း၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက်၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရေး-ထားဝယ် ကားလမ်းမတွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင် ရန်ရည်ရွယ်၍  Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာဓမ္မာရုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျောင်းများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်း ဖတ်ရှုနိုင်ရေး၊

အလုံမြို့နယ်၌ ပြည်သူများအား အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နေ အခြေခံ လက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ဗဟုသုတတိုး ပွားစေရေးအတွက် အသိပညာပေး‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to