ဟင်္သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာမြို့ရုံး ကြီးရပ် မီးပွိုင့်လမ်းဆုံနှင့် ပဒေသာစျေးကြီးရှေ့နှင့် ဟင်္သာရုပ်အဝိုင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး ဦးဆောင်သော ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စု‌ပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ အား Mask များ အခမဲ့ဖြန့်ဝေခဲ့ရာ Mask ၂၀၀၀ ခုကို ဝေငှခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများ Mask ပုံမှန်တပ်ဆင်ကြရန် အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ