ဓနုဖြူမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းဆောင်ရွက်

ဓနုဖြူ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇)ရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းတွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ကွန်ကရစ်လမ်းသစ်ခင်းခြင်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစတင်၍ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကွန်ကရစ်လောင်းခြင်း (၇၅%) ပြီးစီးပြီဖြစ်ကြောင်း၊ အမှတ်(၁၇)ရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းသည် စုစုပေါင်းပေအရှည် (၁၀၉၅)ပေရှိပြီး ဓနုဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့အနေဖြင့် အဆိုပါ လမ်းအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် မူလဘက်ဂျက်တွင် အတိုင်း အတာ အလျား ၅၀၀ပေ အကျယ် ၁၂ပေ  အမြင့် လက်မအား ယခုစတင် ဆောင်ရွက်လျက်ရှိပြီး ကျန်အတိုင်း အတာဖြစ်သော အလျား ၅၉၅ ပေ အကျယ် ၁၂ပေ  အမြင့် ၆ လက်မအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိလာပါက သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)