ကျောက်တန်း စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအား နေ့အလိုက် သတ်မှတ်ပေးထားခြင်း၊ ပင်စင်စားဝန်ထမ်းများ သက်တောင့်သက်သာ အနားယူနေနိုင်ရန် အမိုးအကာများ ထားရှိပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာအဝေးတွင် ထိုင်ခုံများ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးရန် ဆပ်ပြာနှင့် လက်ဆေးဘေစင် ထားရှိဆောင်ရွက်ထားခြင်း စသည်တို့ကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီကနေ့ပင်စင်စထုတ်တဲ့ရက်မှာပင်စင်စား(၄၀၂)ဦးအား ထုတ်ပေးခဲ့ပြီး ငွေပမာဏအနေဖြင့် ကျပ်(၄၂၈၄၂၄၉၄.၂၁) ရှိပြီး နောက်ရက်တွေမှာလည်း ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်”လို့ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာက ပြောကြားသည်။
မြို့နယ် (ပြန်/ဆက်)