ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့မစခန်းမှူး၊ ပြန်/ ဆက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ရဲထွဋ်က လူကုန်းကူးခြင်းကြောင့် ရရှိနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးမှ လူကုန်ကူးခြင်းခံရပါက ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်တရားသူကြီးဦးဆန်းမင်းထွန်းမှ လူကုန်ကူးခြင်းမခံရအောင် ပြုမူနေထိုင်ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြေား သိရသည်။
နိုင်လင်း (ပြန်/ ဆက်)