ခရမ်းမြို့နယ်တွင် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်း က တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ် ပလူကျေးရွာ၊ ရေကျော်ကျေးရွာ၊ အုန်းပင်ကျေးရွာ၊ ဘိုကလေးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်ခရိုင်အတွင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးလုပ်ငန်းများ အကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း​ဝေး ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်​၊ ချောက်မြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးလုပ်ငန်းများ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း​ဝေးကို ယ​မန်​နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ​ကျင်းပခဲ့သည်။

ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်းအစီအစဉ် အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်

ပုသိမ်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့မဉ္ဇူခန်းမတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Top Dairy Farm တို့ပူးပေါင်း ဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme) အခမ်းအနား ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်၊ စေတနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါအသိပညာပေးရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နှာခေါင်းစည်း Mask တပ်ဆင်ရေး အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မူဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့်လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ကစာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ချစ်လို့ပြောတာမှတ်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်သည်။

ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ညနေ(၂)နာရီက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြသည်။

သာပေါင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်း(၆၀)ဦး ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာ ဝန်ထမ်း (၆၀)ဦးတို့ကို booster ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က ကြိုးကြာကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်း က စာပေဟောပြောခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း က လူစည်ကားရာရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးကြီး၌ ပြည်သူများအားနှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။

မအူပင်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မအူပင်မြို့ အမှတ်(၃)ရပ်ကွက် ၂-လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Subscribe to