ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအား  ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က မြို့မကျောင်းနှင့် အ.မ.က ဘဝမ်းချောင်းဝစုရပ်ကွက် ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် သိကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးဆောင်ရွက်မှုများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား  နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲချိန်က  အမှတ်(၃) ရပ်ကွက် မြို့မစျေးကြီးရှေ့နှင့်လမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သိန္နီမြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရှှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဗဟုသုတကြွယ်ဝစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်၊၊

ကချင်ပြည်နယ်ဝန််ကြီးချုပ် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျုံပျော်မြို့နယ်၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သင်တောကြီးကျေးရွာအုပ်စု၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေး ဟောပြော

မိတ္ထီလာမြို့နယ်၊ ဆည်အောင်အုပ်စု၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေးဟောပြောပြီး လျှပ်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျေးရွာဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာရုံးမှ မန်နေဂျာဦးမင်းကိုထံက သိရသည်။

လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့
Subscribe to