ငပုတောမြိုနယ်၊ သင်္ကန်ကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များရောင်းချပေး

ငပုတော စက်တက်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့မှ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်း သက်သာစွာဖြင့် ဆန်များဝယ်ယူ နိုင်ရေးအတွက် ဒေသထွက်ငစိန်ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေး လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ဝင်ငွေနည်းပါးသည့် ပြည်သူ(၃၈၆)စု အိမ်ထောင်စုအား စျေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်တစ်စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေး ဆန်များရောင်းချပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ပြည်သူများ အား စျေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေးအတွက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)