ချောက်​မြို့နယ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(​ချောက်) ​ကျောင်းတွင် Mask Campaign ပြုလုပ်

ချောက် စက်တင်ဘာ ၂၂

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်​ခြေနီအသင်းအဖွဲ့များ၊ မြို့နယ်မိခင်နှင့်က​​လေး​စောင့်​ရှောက်​ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များပူး​ပေါင်း၍ ယ​နေ့နံနက်၇နာရီခွဲအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ (​ချောက်)​ ကျောင်းတွင်​ ကျောင်းအုပ်​ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ​ကျောင်းသား၊​​ ကျောင်းသူများအား နှာ​ခေါင်းစည်း တပ်ဆင်​ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ခရိုင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦး​ဌေး​ကျော်  ဦးဆောင်၍​ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ စိုးလွင်၊ ခရိုင်/ မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌ​ဒေါ်နန်းနွမ်ခမ်းခေါင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ လူမှု​ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အစိုးရစက်မှုလက်မှုသိပ္ပံ(​ချောက်)​ကျောင်းတွင် ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းကိုစနစ်တကျ တပ်ဆင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန် အသိပညာပေး​​ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀ )ခု အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(​မြို့နယ်ပြန်/ဆက်)