ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့မဈေးကြီးနှင့် နာရီစင်ရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။